Tuesday, September 18, 2012

ရွှေရောင်မွန်းတည့်ချိန်


သင်း၍လာတဲ့ စိမ့်မြိုင်ထဲမှ
နှင်းပန်းများကို ၀တ်ရည်စုပ်တဲ့
ပန်းလိပ်ပြာများ…

စက်ဝိုင်းပမာ နေမင်းကြီးက
ဖူးပွင့်တက်စ အာရုဏ်ဦးရဲ့
ပွင့်လင်းသာတဲ့ ပဒေသာကို
ရွှေရောင်ဝင်းလက် လင်းစည်းဆာတွင်
တွေ့မြင်နိုင်၏….

မြူးထူးကခုန် ဖူးပွင့်ရှိသော
တောင်စောင်းနားက ပန်းဝါလေးကို
မိုးတိမ်အလှနှင့် နှိုင်းယှဉ်မြင်၏….

တေးစည်ချက်ညီ လှုပ်လှုပ်ရှားရှား
လေသိမ်တိုင်းလှ ခရမ်းပန်းများ
ယိမ်းနွဲ့နေ၏….

ဝင်းလက်တောက်ပ နေရောင်အောက်က
သာယာလှတဲ့ လောကလေးမှ
ချမ်းအေးလှတဲ့ နေ့ရက်များတွင်
ပိတောက်ပန်းနှင့် နှင်းပန်းတို့
ချစ်ကြည်နူးလို့ ပျော်ရွှင်ကြ၏……

သပြေပန်းနှင့် ဒေစီပန်းများ
နှင်းဆီပန်းနှင့် ပန်းငုဝါတို့
ပျော်ပါးလွင်၍ မြူးထူးကြ၏….

မြိုင်စိမ့်ထဲက ပန်းလေးမျှမှ
ပန်းသခင်၏ ပညာမျှကို
မိုးဦးမှဖြင့် ရယူနိုင်၏
ရွှေရောင်မွန်းတည့်ချိန်မှဖြင့်။

No comments:

Post a Comment