ကိုပြူးတစ်ယောက်
ရုံးသွားဖို့အချိန်ပါပဲ။ အိမ်ကအထွက်ပဲ ခွေးချီးနှင်းပြီး နံနက်စာ
လုပ်ရတယ်ဆိုပဲ။
ကံကအထွတ်အထိပ်ရောက်နေတော့ အီကြာကွေးနဲ့ နှစ်ပါးသွား
လိုက်တယ်။
ကားစီးဖို့မှတ်တိုင်ရောက်လာပြီ။ စီးရမယ့်ခရီးက တစ်နာရီလောက်ကြာ
တယ်။
ကားရောက်တော့ ကားပေါ်တတ်လိုက်ပါတယ်။ စောစောစီးစီး မင်္ဂလာရှိရှိ
မတ်တတ်ရပ်စီးရပါတယ်။
လူကြပ်တာကတော့ ထွေထွေထူးထူး ပြောစရာမရှိ။ ဒါလဲ
အကောင်းတစ်ခုလို့ပဲ
သတ်မှတ်လိုက်ပါတယ်။ ထိုင်ခုံလွတ်လို့ ထိုင်ရုံလေးဆိုပဲ ဗိုက်
ကြီးသည်တစ်ယောက် တက်လာတော့
နေရင်းထိုင်ရင်း ဘုံကပျောက်သွားတယ်။
ဂျပန်တို့၊
ကိုးရီးယားတို့ကနေ ကားတွေရောက်လာတုန်းက ထိုင်ခုံတွေက ၄၅ ခုံပါ။
ခုံတွေနည်းနည်းပြန်ကျဉ်း၊
နည်းနည်းညာညှိလိုက်တယ်။ မြန်မာနည်း မြန်မာ့ဟန်နဲ့
ကျတော့
၈၅ ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။ တို့များနိုင်ငံမှာ အရေးပေါ်ကိစ္စလည်း
မရှိလေတော့
အရေးပေါ် ထွက်ပေါက်များ ကိုလည်း ခုံနဲ့ပိတ်ပစ်ကြတယ်။
ဒါနဲ့ပဲ
ခရီးသည်ခများ
ကားစီးရင် ဒူးထောင်စီးရတာတို့၊ ဖင်တစ်ခြမ်းထိုင်ရတာတို့တွေဘာ
တွဖြစ်လာပါတယ်။ အထူးကားတွေဆိုပဲ
ထိုင်ခုံကမြင့်နေတော့ ခြေနဲ့ကြမ်းပြင်လွတ်
နေရင်
ဖိနပ်ကလျှောကျနေတာကတစ်မျိုး၊ ဘေးကလူကလည်း ဘုမသိဘမသိခြေသ
ညမ်းလိုက်
ကိုယ့်ဖိနပ်ကလေး ဘယ်နားရောက်လို့ ရောက်သွားမှန်းမသိ၊ ယာဉ် စီးခ ရာတန်ထောင်တန်ပေးမိရင်
အမ်းစရာအကြွေမရှိလို့ ဆင်းမဲ့မှတ်တိုင်ရောက်ရင် ပေ
ကတ်ကတ်နဲ့
လိုက်တောင်းနေရတာတွေလည်း ရှိတယ် ။လိုင်းကားစုတ်များကလည်း
ဂက်စ်အိုးထားရဖို့ အဓိက ဆိုတော့
လူကဘယ်လိုထိုင်ထိုင်…ရတယ်မဟုတ်လားဗျာ။
အထူးကားလို့လည်းဆိုသေးတယ်။
တံခါးတွေကို အလုံပိတ်ထားတော့ ချွေးတွေက
ဒလဟောပါပဲဗျာ…။ ကိုးရီးယားက ချွေးထုတ်ခန်းတွေဘာတွေ
ရောက်နေသလားပဲ။
ရုံးလည်းရောက်တော့ မန်နေဂျာက သင်္ကြန်ရေအခုမှ ချိုးလာတာလား တဲ့ဗျာ…..။
No comments:
Post a Comment