Tuesday, September 18, 2012
ရွှေရောင်မွန်းတည့်ချိန်
သင်း၍လာတဲ့
စိမ့်မြိုင်ထဲမှ
နှင်းပန်းများကို
ဝတ်ရည်စုပ်တဲ့
ပန်းလိပ်ပြာများ…
စက်ဝိုင်းပမာ
နေမင်းကြီးက
ဖူးပွင့်တက်စ
အာရုဏ်ဦးရဲ့
ပွင့်လင်းသာတဲ့
ပဒေသာကို
ရွှေရောင်ဝင်းလက်
လင်းစည်းဆာတွင်
တွေ့မြင်နိုင်၏….
မြူးထူးကခုန်
ဖူးပွင့်ရှိသော
တောင်စောင်းနားက
ပန်းဝါလေးကို
မိုးတိမ်အလှနှင့်
နှိုင်းယှဉ်မြင်၏….
တေးစည်ချက်ညီ
လှုပ်လှုပ်ရှားရှား
လေသိမ်တိုင်းလှ
ခရမ်းပန်းများ
ယိမ်းနွဲ့နေ၏….
ဝင်းလက်တောက်ပ
နေရောင်အောက်က
သာယာလှတဲ့
လောကလေးမှ
ချမ်းအေးလှတဲ့
နေ့ရက်များတွင်
ပိတောက်ပန်းနှင့်
နှင်းပန်းတို့
ချစ်ကြည်နူးလို့
ပျော်ရွှင်ကြ၏……
သပြေပန်းနှင့်
ဒေစီပန်းများ
နှင်းဆီပန်းနှင့်
ပန်းငုဝါတို့
ပျော်ပါးလွင်၍
မြူးထူးကြ၏….
မြိုင်စိမ့်ထဲက
ပန်းလေးမျှမှ
ပန်းသခင်၏
ပညာမျှကို
မိုးဦးမှဖြင့်
ရယူနိုင်၏
ရွှေရောင်မွန်းတည့်ချိန်မှဖြင့်။
ရင်သားအလှအတွက် အသည်းမယူကြဖို့လိုတယ်
အမျိုးသမီးတစ်ဦးရဲ့ မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝခြင်းဟာ
ရင်သားအရွယ်အစားပေါ်မှာ
မူတည်ပါတယ်။
ရင်သား ဖွံ့ထွားကျစ်လစ်ပြီး တင်းရစ်စွာ လှနေသူဟာ အမြဲတမ်း ယုံကြည်မှု
အပြည့်အဝရှိပြီး
အရာရာအောင်ပွဲခံနေတဲ့ သူတွေပါ။ ရင်သားကြီးထွားသူတွေက အောင်မြင်
မှု
တစ်ဝက်သာရရှိတတ်ပြီး ရင်သားသေးငယ်သူတွေမှာတော့ မဝံ့မရဲစိတ်တွေ မိုက်ရူးရဲစိတ်
တွေ
ဖြစ်လေ့ရှိတယ်လို့ ယုံကြည်နေတတ်ကြပါတယ်။
အမျိုးသမီးတိုင်း သူမတိုရဲ့ ရင်သားအရွယ်အစားနဲ့
ပတ်သက်ပြီး ပူပင်စိတ်တွေ တစ်ခုခု
အမြဲလိုရှိနေတတ်ကြပါတယ်။
သေးချင်စိတ်၊ ကြီးချင်စိတ်၊ နူးညံ့လိုစိတ်၊ တင်းရင်းလိုစိတ်တွေပါ။
အားကစား လေ့ကျင့်ရာမှာ ဘရာစီယာမပါဘဲ လွတ်လပ်စွာ
ကစားလိုကြပါတယ်။ စင်စစ်
တော့
ဘရာစီယာပါမှ အလှမပျက်တင်းရင်းလျှက်ရှိနေနိုင်မှာပါ။
ရင်သားကြီးထွားလွန်းသူတွေဟာ ကာမဂုဏ် ခံစားလိုစိတ်ပြင်းပြသူတွေ၊
နှစ်သက်သူတွေပဲ
ဖြစ်တယ်လို့
ယုံကြည်နေတတ်ကြပြန်ပါတယ်။ ဒါကလည်း ရာနှုန်းပြည့်မမှန်နိုင်ပါဘူး။
ရင်သားသေးလွန်းသူတွေဟာ မိမိတို့ရဲ့ အားငယ်စိတ်နှင့်အတူ
နို့တိုက်မိခင်ဘဝမှာ အားရ
ပါးရ
နို့တိုက်နိုင်လေ့မရှိဘဲ အဆင်မပြေဖြစ်တတ်ကြပါတယ်။ တကယ်တော့ အကြီးအသေးမရွေး
နို့ထွက်မြဲပါပဲ။
မိမိတို့ရဲ့ ရင်နှစ်မွှာကို တယုတယပွတ်သတ်ပေးတာကို
အမျိုးသမီးတိုင်း နှစ်သက်သာယာ
မိတတ်ကြပါတယ်။
ပျော်ရွှင်ကြည်းနူး တတ်ကြပါတယ်။
အမျိုးသမီးတို့ရဲ့
စိတ်အထင်မှာ သူတို့ရဲ့ရင်နှစ်မွှာဟာ အရွယ်အစား မတူညီကြဘူးလို့
သိကြပေမဲ့
စင်စစ်တော့ တစ်ရွယ်တည်းပဲ ရှိနေတတ်ပါတယ်။ အပျိုဘော်ဝင်စ ကွာဟမှုရှိနိုင်
ပေမဲ့
အမျိုးသမီးကြီးကောင်ဘဝ ရောက်လာတာနဲ့အမျှ ရင်သားနှစ်ဖက် အညီအမျှ ဖြစ်သွား
လေ့ရှိပါတယ်လို့
ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ မညီမျှသူ တစ်ဖက်ကြီးတစ်ဖက်သေးတွေ
လည်းရှိနေပါသေးတယ်။
ရင်နှစ်မွှာအရွယ်အစား မညီမျှမှုဟာ မည်သို့သော ထိခိုက်မှုမျိုးကိုမျှ မဖြစ်စေနိုင်တဲ့အတွက်
အဲသည် ကြောင့်ကြမှုတွေကို မထားစေလိုပါဘူး။
နို့သီးခေါင်း ပတ်လည်မှာ အမွှေးအမျှင် ပေါက်နေတာဟာ
သဘာဝကိုဆန့်ကျင်နေပါတယ်။
သမရိုးကျ
မဟုတ်တဲ့အတွက် ရောဂါတစ်ခုခုကြောင့်လို့ ဖြစ်မှာပဲလို့ ယုံကြည်နေတတ်ပါတယ်။
ဒါကလည်း
လွဲမှားတဲ့ အယူအဆတစ်ရပ်ပါပဲ။ နို့သီးခေါင်း အမွှေးပေါက်ခြင်းဟာ ဗီဇမျိုးရိုးကိုလိုက်
ပြီး
အမွှေးအမျှင်ထူသူ၊ ပေါများသူ၊ မည်းနက်သူတွေမှာ တွေ့ရတတ်ပါတယ်။ သဘာဝဖြစ်စဉ်အ
တိုင်း
အရေပြားပေါ်မှာ အမွှေးအမျှင်ပေါက်တာပါ။ စိုးရိမ်ကြောင့်ကျပြီး လွဲမှားတဲ့အယူသည်းမှု
တွေနဲ့
ကြောက်မနေကြပါနဲ့။
ရင်နှစ်မွှာကြီးလေ သားသမီး ဖြစ်ထွန်းလေလို့ဆိုတဲ့
အယူသည်းမှုကလည်း အံ့သြစရာပါပဲ။
သားသမီးအနည်းအများဟာ
ရင်သားကြီးထွားမှုနဲ့ လုံးဝကို မဆိုင်ပါဘူး။
နို့ချိုတိုက်ကျွေးခြင်းဟာ ရင်သားတွဲကျနိုင်တယ်ဆိုပြီး
ရင်သားအလှမပျက်အောင် မိခင်နို့
မတိုက်လိုသူတွေ
များစွာကြုံရတတ်ပါတယ်။ သည်အယူအဆကလည်း ရာနှုန်းပြည့် မမှန်ပါဘူး။
မိခင်နို့ကို
ကလေးငယ်က ငုံပြီးစို့ရုံနဲ့ ဘယ်လိုမှတွဲမကျလာနိုင်တာကို သဘာဝကျကျ တွေးကြည့်
ရုံနှင့်
သိနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန့်ရှင်းပြီး အာဟာရပြည့်ဝစေတဲ့ မိခင်နို့တိုက်ဖို့ရာ
ဝန်
မလေးကြဖို့
လိုပါတယ်။
နို့သီးခေါင်း ဝင်နေလျှင် မတိုက်သင့်ဘူးလို့
ထင်နေကြတာလည်း မှားပါတယ်။ နို့သီးခေါင်း
ဝင်နေတာကို
ကြိုသိလျှင် ကိုယ်ဝန်မရှိခင်ဖြစ်စေ၊ ရှိစမှာပဲဖြစ်စေ ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲစိတ်ပြုပြင်
ယူလို့ရပါတယ်။
အသေးစားခွဲစိတ်မှု (Minor Operation) ဖြစ်ပြီး အချိန်နာရီဝက်လောက်နဲ့ အောင်
မြင်စွာ
ပြီးဆုံးနိုင်ပါတယ်။
တစ်ချို့ကျတော့ နို့သီးခေါင်းကို breast
pump နဲ့ ဆွဲထုတ်ပြီး ကလေးကို နို့တိုက်ဖြစ်အောင်
တိုက်လို့ အဆင်ပြေသွားကြပါတယ်။ တစ်ချို့ကျ
နို့သီးခေါင်း ကွဲအက်ပြီး ဆက်မတိုက်နိုင်ကြပြန်
ပါဘူး။ သည်လိုကွဲအက်သွားရင်တော့ နို့သီးခေါင်းလည်း
မနာကျင်ဘဲ ကလေးလည်း နို့ဆို့ရအောင်
မိခင်ရဲ့နို့သီးခေါင်းထိပ်ကို နို့ပုလင်း
နို့သီးခေါင်းလေးတပ်ပြီး နို့ဆို့ပါစေ။ နို့သီးခေါင်းက စုပ်ခွက်သဖွယ်
ရင်မှာတွယ်ကပ်ပြီး ကလေးကို နို့ချိုတိုက်ကျွေးနိုင်ပါတယ်။
နာကျင်မှုကင်းပြီး အလှပျက်မှာလည်း
မပူရတော့ပါဘူး။
စူပါလိုင်းကားများ
ကိုပြူးတစ်ယောက်
ရုံးသွားဖို့အချိန်ပါပဲ။ အိမ်ကအထွက်ပဲ ခွေးချီးနှင်းပြီး နံနက်စာ
လုပ်ရတယ်ဆိုပဲ။
ကံကအထွတ်အထိပ်ရောက်နေတော့ အီကြာကွေးနဲ့ နှစ်ပါးသွား
လိုက်တယ်။
ကားစီးဖို့မှတ်တိုင်ရောက်လာပြီ။ စီးရမယ့်ခရီးက တစ်နာရီလောက်ကြာ
တယ်။
ကားရောက်တော့ ကားပေါ်တတ်လိုက်ပါတယ်။ စောစောစီးစီး မင်္ဂလာရှိရှိ
မတ်တတ်ရပ်စီးရပါတယ်။
လူကြပ်တာကတော့ ထွေထွေထူးထူး ပြောစရာမရှိ။ ဒါလဲ
အကောင်းတစ်ခုလို့ပဲ
သတ်မှတ်လိုက်ပါတယ်။ ထိုင်ခုံလွတ်လို့ ထိုင်ရုံလေးဆိုပဲ ဗိုက်
ကြီးသည်တစ်ယောက် တက်လာတော့
နေရင်းထိုင်ရင်း ဘုံကပျောက်သွားတယ်။
ဂျပန်တို့၊
ကိုးရီးယားတို့ကနေ ကားတွေရောက်လာတုန်းက ထိုင်ခုံတွေက ၄၅ ခုံပါ။
ခုံတွေနည်းနည်းပြန်ကျဉ်း၊
နည်းနည်းညာညှိလိုက်တယ်။ မြန်မာနည်း မြန်မာ့ဟန်နဲ့
ကျတော့
၈၅ ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။ တို့များနိုင်ငံမှာ အရေးပေါ်ကိစ္စလည်း
မရှိလေတော့
အရေးပေါ် ထွက်ပေါက်များ ကိုလည်း ခုံနဲ့ပိတ်ပစ်ကြတယ်။
ဒါနဲ့ပဲ
ခရီးသည်ခများ
ကားစီးရင် ဒူးထောင်စီးရတာတို့၊ ဖင်တစ်ခြမ်းထိုင်ရတာတို့တွေဘာ
တွဖြစ်လာပါတယ်။ အထူးကားတွေဆိုပဲ
ထိုင်ခုံကမြင့်နေတော့ ခြေနဲ့ကြမ်းပြင်လွတ်
နေရင်
ဖိနပ်ကလျှောကျနေတာကတစ်မျိုး၊ ဘေးကလူကလည်း ဘုမသိဘမသိခြေသ
ညမ်းလိုက်
ကိုယ့်ဖိနပ်ကလေး ဘယ်နားရောက်လို့ ရောက်သွားမှန်းမသိ၊ ယာဉ် စီးခ ရာတန်ထောင်တန်ပေးမိရင်
အမ်းစရာအကြွေမရှိလို့ ဆင်းမဲ့မှတ်တိုင်ရောက်ရင် ပေ
ကတ်ကတ်နဲ့
လိုက်တောင်းနေရတာတွေလည်း ရှိတယ် ။လိုင်းကားစုတ်များကလည်း
ဂက်စ်အိုးထားရဖို့ အဓိက ဆိုတော့
လူကဘယ်လိုထိုင်ထိုင်…ရတယ်မဟုတ်လားဗျာ။
အထူးကားလို့လည်းဆိုသေးတယ်။
တံခါးတွေကို အလုံပိတ်ထားတော့ ချွေးတွေက
ဒလဟောပါပဲဗျာ…။ ကိုးရီးယားက ချွေးထုတ်ခန်းတွေဘာတွေ
ရောက်နေသလားပဲ။
ရုံးလည်းရောက်တော့ မန်နေဂျာက သင်္ကြန်ရေအခုမှ ချိုးလာတာလား တဲ့ဗျာ…..။
Subscribe to:
Posts (Atom)